Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပါလိမ့်မယ်။ စက်က အရမ်းနိမ့်နေပြီး
Windows 10 ကို ကောင်းကောင်း အသုံးပြုချင်လို့မရပါဘူး။ i5-6th, 7th Gen, RAM 4GB ရှိတဲ့ စက်တွေတောင် အသုံးပြုတာများနေရင် ကြာနေရင် ဟန်းနေတတ်ပါတယ်။
1. CPU, RAM,
Motherboard, Model တူ ကွန်ပျူတာ နှစ်လုံးကို တစ်လုံးမှာ Windows 10 တင်ပြီး နောက်တစ်လုံးမှာ Windows 7, 8, 8.1 Version တစ်ခုကို ပြိုင်တူတင်ကြည့်လိုက်ပါ။ပြီးရင် အချိန် Timer ပေးထားလိုက်ပါ။ 2017 ခုနှစ်နောက်ပိုင်းထုတ် Windows 10 Version တွေဆိုရင် Windows 7, 8, 8.1 တွေထက် Install လုပ်ရတာပိုမြန်ဆန်ပါတယ်။ မယုံရင်စမ်းကြည့်လိုက်ပါ။
2. Windows တင်ပြီးပြီးချင်း လုပ်ဆောင်ရတာကတော့ လိုအပ်တဲ့ Driver တွေ ထည့်ရတာပါပဲ။ Windows 7, 8, 8.1 တွေဆိုရင် စက်ရဲ့မှုရင်းခွေမရှိရင် ဆော့ဝဲလ်တစ်ခုနဲ့ထည့်ရတာ၊ USB Driver မသိလို့ ဒုက္ခရောက်တာ၊ ဘာ Driver ဆော့ဲလ်ပဲ ထည့်ထည့်၊ Network Driver မကိုက်လို့ ထည့်မရတာ အစရှိတဲ့ပြဿနာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် Windows 10 နောက်ပိုင်းထုတ် Update Version တွေမှာတော့ Driver အားလုံးနီးပါးကို ထပ်ထည့်စရာမလိုအောင် Windows 10 နဲ့အတူ ပါဝင်ပြီးသားဖြစ်ပါတယ်။ Display Driver လောက်ပဲ မသိတာ တစ်ခုနှစ်ခုလောက်ရှိပါတယ်။
3. Windows 10 မှာ ကွန်ပျူတာ Settings တွေ ပိုစုံလာတယ်။ Windows 7, 8, 8.1 တွေမှာတော့ ကွန်ပျူတာ Settings တွေ သီးသန့်ကြီး မပါဝင်ပါဘူး။ Windows 8, 8.1 မှာပါတာကလည်း သိပ်မစုံပါဘူး။
Windows 10 မှာတော့ တစ်ခုခုပြင်ဆင်ချင်တာရှိရင် Windows Key + I ကို တွဲနှိပ်လိုက်တာနဲ့ Settings ထဲကိုရောက်သွားမှာပါ။ Settings ထဲကိုဝင်တဲ့ နည်းလမ်းများစွာရှိပါသေးတယ်။
4. Windows 10 မှာ Windows 7, 8, 8.1 တွေမှာ မပါဖူးသေးတဲ့ Features အသစ်ဆန်းများစွာပါဝင်တယ်။ ပုံမှန် Desktop လို မသုံးချင်ရင် Tablet Mode ကို ပြောင်းသုံးနိုင်တယ်။ Windows 10 အတွက် သီးသန့်ထုတ်ထားတဲ့ Microsoft Store မှာ ဒေါင်းလုဒ်ဆွဲရတဲ့ Application တွေရော၊ Windows 10 တင်ပြီးတာနဲ့ Built in ပါဝင်လာတဲ့ Application များစွာရှိပါတယ်။
2018 နောက်ပိုင်းထုတ် Update Version တွေမှာတော့ တစ်ကိုယ်ရေသုံးကွန်ပျူတာတွေအတွက် အရမ်းအသုံးဝင်တဲ့
App တွေရှိပါတယ်။ Photoshop ဆေ့ာဝဲလ်မလိုတဲ့
အထိ 3D Photos ဆေ့ာဝဲလ်တွေ ပါဝင်လာပါတယ်။ Features အသစ်အဆန်းတွေကြောင့် Windows 10 အသုံးပြုရတာ ပိုလွယ်ကူပါတယ်။ အသံနဲ့ထိန်းချုပ်ပြီး အသုံးပြုရတဲ့ Cortana, ကိုယ်အသုံးပြုခဲ့တာတွေကို နောက်ကြောင်းပြန်ကြည့်လို့ရတဲ့ Task View, ရှိသမျှဆော့ဝဲလ်တွေကနေ Notification တွေ ဝင်လာအောင် လုပ်လို့ရတဲ့ Action Center, ပုံဆွဲဝါသနာရှင်တွေအတွက် Windows Ink, Sketchpad, Paint 3D, အင်္ဂလိပ်စာသီးသန့်ဖတ်ဖို့မြန်ဆန်တဲ့ Edge Browser, ဖုန်းနဲ့အလွယ် တကူချိတ်ဆက်ပြီး ပုံတွေ ပို့ Edit လုပ်နိုင်တဲ့ Your Phone အစရှိတဲ့ Application ပေါင်းများစွာရှိပါတယ်။
အထိ 3D Photos ဆေ့ာဝဲလ်တွေ ပါဝင်လာပါတယ်။ Features အသစ်အဆန်းတွေကြောင့် Windows 10 အသုံးပြုရတာ ပိုလွယ်ကူပါတယ်။ အသံနဲ့ထိန်းချုပ်ပြီး အသုံးပြုရတဲ့ Cortana, ကိုယ်အသုံးပြုခဲ့တာတွေကို နောက်ကြောင်းပြန်ကြည့်လို့ရတဲ့ Task View, ရှိသမျှဆော့ဝဲလ်တွေကနေ Notification တွေ ဝင်လာအောင် လုပ်လို့ရတဲ့ Action Center, ပုံဆွဲဝါသနာရှင်တွေအတွက် Windows Ink, Sketchpad, Paint 3D, အင်္ဂလိပ်စာသီးသန့်ဖတ်ဖို့မြန်ဆန်တဲ့ Edge Browser, ဖုန်းနဲ့အလွယ် တကူချိတ်ဆက်ပြီး ပုံတွေ ပို့ Edit လုပ်နိုင်တဲ့ Your Phone အစရှိတဲ့ Application ပေါင်းများစွာရှိပါတယ်။
5. Windows 7,8,8.1 တွေထက် Windows 10 မှာ Security ပို ကောင်းလာပါတယ်။ Anti-Virus ဆေ့ာဝဲလ်တွေ မလိုတဲ့အထိ Windows Security ကောင်းလာပါတယ်။ Microsoft ကမသိတဲ့ App တွေကို ထည့်ချင်ရင် Security ထဲဝင်ပြီး Allow လုပ်ပေးရတယ်။ ဘက်ထရီအားနည်းနေတာ၊ Brightness များလွန်းနေတာ၊
Device Performance Health မကောင်းတာတွေကအစ အကုန်စစ်ပါတယ်။
Windows 10 Update Version တွေမှာ Ransomware အတွက် သီးသန့်Security ပါဝင်ပါတယ်။ ကျနော်တို့ကWindows
Security ကို အမြဲ Update လုပ်ပေးနေလို Anti-Virus ဆေ့ာဝဲလ်တွေ မသုံးပါဘူး။ တစ်ချို့က Windows Security (အရင်က Windows Defender)ကို သိပ်မစွမ်းလို့မကောင်းဘူးပြောကြပါတယ်။ မစွမ်းလို့မဟုတ်ပါဘူး။ မသုံးတတ်သေးလို့ မကောင်းဘူးပြောတယ်ထင်တယ်။ Microsoft က အားယားနေလို့
Windows Security(အရင်က Windows Defender)ကို ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ နောက်ပြီး ကွန်ပျူတာတစ်လုံးထဲမှာ ရှိသမျှ Anti-Virus ဆေ့ာဝဲလ်တွေ ထည့်ထားလို့လည်း ဖြစ်နိုင်တယ်။ ဝယ်သုံးရတဲ့ Anti-Virus ဆေ့ာဝဲလ်တွေထက် အလကားသုံးရတဲ့ ကွန်ပျူတာရဲ့ မှုရင်း Windows Security ကို အမြဲ Update လုပ်ပြီး အသုံးပြုရင် မိမိကွန်ပျူတာလုံခြုံမှုရှိနိုင်ပါတယ်။
No comments:
Post a Comment