Blogger templates
Thursday, May 14, 2020
Window 10 တွင် Lock Screen များကိုကြိုက်နှစ်သက်ရာပုံထည့်နည်း
Windows 10 ရဲ့ Default ပါဝင်တဲ့ Lock Screen က ပုံတွေကို အသုံးပြုရတာ ငြီးငွေ့သူတွေအနေနဲ့ ကြိုက်နှစ်သက်ရာ ပုံတွေကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံ တည်းကိုသာမက ဓာတ်ပုံတွေကို Folder တစ်ခုထဲမှာ စုစည်းပြီး Slideshow ပြုလုပ်နိုင်အောင်လည်း စီစဉ်ထားနိုင်ပါတယ်။ Microsoft ရဲ့ Lock screen feature အသစ်ကို Windows 8 မှာကတည်းက သုံးစွဲသူ စိတ်တိုင်းကျဖြစ်အောင် စီစဉ်ပြီး ထည့်သွင်းပေးထား ခဲ့ပါတယ်။
Windows 10 ရဲ့ Lock screen ကို Customize ပြုလုပ်လိုတယ်ဆိုရင် Lock screen ရှိတဲ့ လမ်းကြောင်းကို သွားရပါမယ်။ Lock screen ရှိတဲ့နေရာကို သွားရန်အတွက် နည်းလမ်းသုံးမျိုး ရှိပါတယ်။ နှစ်သက်တဲ့ နည်းလမ်းကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ Desktop ရဲ့ Taskbar မှာရှိတဲ့ Notification icon ကို ကလစ်နှိပ်လိုက်ရင် Action Center ဆိုတာ တက်လာပါလိမ့်မယ်။ အဆိုပါနေရာမှာ All settings ဆိုတာကို ရွေးချယ်ရပါမယ်။
ဒုတိယ နည်းလမ်းကတော့ Start Menu button ကိုနှိပ်လိုက်ပါ။ Settings ဆိုတဲ့ icon လေးကို တွေ့ရပါမယ်။ အဆိုပါ settings ဆိုတာကို နှိပ်လိုက်ပါ။ တတိယ နည်းလမ်းကတော့ Start Menu ကိုနှိပ်ပြီး Cortana Search box ကနေ Settings ဆိုပြီးရိုက်ထည့်၍လည်း အသုံးပြုနိုင်ပါတယ်။ Settings ထဲကို ရောက်ပြီဆိုရင် Personalization ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အကယ်၍ Personalization ကို တိုက်ရိုက်သွားလိုတယ်ဆိုရင် Desktop ပေါ်Right-click နှိပ်ပြီး Personalization ဆိုတာကို ရွေးချယ်ပေးလိုက်ရင်လည်း အဆိုပါ နေရာကို တန်းရောက်သွားပါလိမ့်မယ်။
Personalization ထဲကို ရောက်ပြီဆိုရင် Lock screen ဆိုတာကို ရွေးချယ်ရပါမယ်။ အဆိုပါ Lock screen နေရာမှာ Background ဆိုတာကို တွေ့ရပါမယ်။ အောက်က box လေးရဲ့ down arrow ကိုနှိပ်ပြီး picture ကိုရွေးချယ်လိုက်ပါ။ ပြီးသွားရင် Browse ဆိုတဲ့ button ကိုနှိပ်ပြီး ကိုယ့်ရဲ့ဓာတ်ပုံတွေကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။ အကယ်၍ Slideshow အနေနဲ့ ထားချင်တယ်ဆိုရင်တော့ အဆိုပါ down arrow ကို နှိပ်ပြီး slide show ဆိုတာကို ရွေးချယ်လိုက်ပါ။ ပြီးသွားရင် ဓာတ်ပုံတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းရှိဖို့အတွက် Folder တစ်ခုအရင်
တည်ဆောက်ပြီး ဓာတ်ပုံတွေကို စုသိမ်းထားရပါမယ်။ slideshow မှာ ပေါ်စေချင်တဲ့ ပုံတွေကို အဆိုပါ Folder မှာ ထည့်သွင်းပြီး Browse button ကို နှိပ်ကာ ဓာတ်ပုံတွေစုပြီး သိမ်းထားတဲ့ Folder ကို ရွေးချယ်ပေးလိုက်ရင် Windows 10 Lock screen မှာ ဓာတ်ပုံတွေကို Slideshow နဲ့ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အဆင့်တွေ ပြီးသွားရင် Windows 10 Lock screen ကို မိမိစိတ်ကြိုက် ဓာတ်ပုံတွေနဲ့ customize ပြုလုပ်တဲ့အဆင့် ပြီးသွားပြီ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
Windows 10 ရဲ့ အားသာချက်များ
Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပ...
Popular Posts
-
<<<Zawgyi Version>>> သင်ဟာ Mi ဖုန်းအသုံးပြုသူတစ်ယောက်ဆိုရင် Share ပြီး သိမ်းထားသင့်တယ်.. ☺ Mi fans တွေ ဖတ်ရ...
-
ယနေ့ခေတ်တွင် အင်တာနက်အသုံးပြုသူများ၊ အထူးသဖြင့် Facebook အသုံးပြုသူများ ပါးစပ်ဖျားတွင် မိမိ၏ Facebook အကောင့်အား ခိုးယူခြင်းခံခဲ့ရပြီ၊ ထို...

No comments:
Post a Comment