img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } -->

Blogger templates

DipCs18@IT Sharing မှ ကြိုဆိုပါသည်...

Sunday, May 17, 2020

ကွန်ပျူတာကို ဘယ်လို ထိန်းသိမ်းမလဲ


 ကျွန်တော်ပြောမဲ့ ပြဿနာလေးတွေကို ရင်းရင်းနှီးနှီး ကြားဖူးကြပါမှာ။ ဘာပြဿနာတွေလည်းဆိုတော့ Hard disk က ကလစ်ကလစ် (သို့) ဂစ်ဂစ်နဲ့ အသံတွေမြည်နေတယ်။  CPU usage တွေ အများနေတယ်။ နောက် Folder တစ်ချို့ဖွင့်လို့မရဘူးဆိုတာတွေပါ။ ဘာလို့ ဒါတွေဖြစ်တာလည်းဆိုတော့ ကျွန်တော် အလွယ်ဆုံးဖြေရရင် ဘာမျှ မပြုပြင်လို့ ဖြစ်တာလို့ ပြောရမှာပါ။ ဒါဆို ဘာလို ပြုပြင်ရမလဲ။ပထမဆုံး ကျွန်တော် Disk Cleanup လုပ်ပါတယ်။ Disk Cleanup လုပ်ဖို့ ကိုယ်လုပ်ချင်တဲ့ partition ကို right click > properties > General tab ထဲက Disk Cleanup button ကို click လုပ်ပါတယ်။ scanning လုပ်နေတာကို ခဏစောင့်ပါ။ကိုယ် delete လုပ်ချင်တဲ့ ဟာတွေကို အမှန်ခြစ် ခြစ်ပြီး OK button ကို click လုပ်ပါ။ ဒါဆိုရင် တကယ်လုပ်ချင်တာလားလို့ သေချာအောင်ထပ်မေးပါလိမ့်မယ်။ Yes button ကို click လုပ်ပါ။ ကိုယ်ဖျက်တဲ့ ဖိုင်size ကို လိုက်ပြီး အချိန်ကို စောင့်ရပါလိမ့်မယ်။ ပြီးသွားရင် cleaning လုပ်နေတဲ့ dialog box ပျောက်သွားပါလိမ့်မယ်။
ဒုတိယအနေနဲ့ error checking ကို လုပ်ပါမယ်။ error checking ကိုလုပ်ဖို့ ကိုယ်လုပ်ချင်တဲ့ partition ကို right click > properties > Tool tab ထဲက Check now button ကို click လုပ်ပါတယ်။  dialog box က Check disk option မှာ option နှစ်ခုလုံးကို mark လုပ်ပြီးရင် start button ကို click လုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ error checking လုပ်ချင်တဲ့ partition ဟာ error များရင်ဘဲ ဖြစ်ဖြစ်၊ system(window) တင်ထားရင်ဘဲ ဖြစ်ဖြစ် dialog box တစ်ခု ကျလာပါလိမ့်မယ်။  ဒီ dialog box က ကျွန်တော်တို့ လုပ်ချင်တဲ့ error checking ကို နောက်တစ်ကြိမ် restart လုပ်ရင် လုပ်မယ်ဆိုတာကို လက်ခံ/လက်မခံကို မေးတာပါ။ မတတ်နိုင်ဘူးလေ။ ကိုယ်က လုပ်ချင်နေတာကိုး။ နောက်တစ်ကြိမ် restart လုပ်မှ error checking လုပ်မယ်ဆိုတာကို လက်ခံရမှာပေါ့။ ဒီတော့ Yes button ကို click လုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ error checking လုပ်ချင်တဲ့ partition မှာ error ကလည်း များများစားစားမရှိဘူး၊ window ကလည်း တင်မထားဘူးဆိုရင် တစ်ခါတည်း error checking ကို လုပ်ပါလိမ့်မယ်။ အဲဒီမှာ အဆင့် (၅) ဆင့်လုပ်ပါတယ်။
တတိယအဆင့်အနေနဲ့ defragmentation ကို လုပ်ပါမယ်။ defragmentation ကို လုပ်ဖို့ ကိုယ်လုပ်ချင်တဲ့ partition ကို right click > properties > Tool tab ထဲက defragment now button ကို click လုပ်ပါတယ်။ အဲဒီအခါ defragment dialog box ကျလာပါတယ်။ ရှေးဦးစွာ analysis လုပ်ရပါတယ်။ ဒီအတွက် analysis button ကို click လုပ်ပါတယ်။ ပြီးသွားရင် defragment လုပ်ဖို့ လို/မလို အကြံပေးတဲ့ dialog box တစ်ခုကျလာပါတယ်။ လိုသည်ဖြစ်စေ၊ မလိုဘူးပြောသည်ဖြစ်စေ defragment button ကို click လုပ်ပါတယ်။ ကျွန်တော်ကတော့ ခပ်ပျင်းပျင်းကောင်ဆိုတော့ analysis button ကို မနှိပ်တော့ဘဲ တစ်ခါတည်း defragment button ကို တန်းနှိပ်ပါတယ်။ ဒီလိုနဲ့ စက်မှာ ရှိတဲ့ partition အားလုံးကို အထက်မှာ ပြောထားတဲ့ အဆင့်အားလုံးလုပ်ရပါမယ်။ ကျွန်တော်စက်မှာ partition 3 ခုဘဲ ရှိပါတယ်။ ပထမဆုံး partition တစ်ခုစီကို Disk Cleanup လုပ်ပါတယ်။ တစ်ခုပြီးမှ တစ်ခုလုပ်တာပါ။ ၃ ခုလုံးလုပ်ပြီးသွားရင် Error Check လုပ်ပါတယ်။ partition ၃ ခုမှာ တစ်ခုက window တင်ထားတော့ သေချာပေါက် နောက်တစ်ကြိမ် restart လုပ်မှ လုပ်ပါတယ်။ ကျန်တဲ့ partition ၂ ခုမှာ တစ်ခါတစ်လေ start button ကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း လုပ်ပါတယ်။ တစ်ခါတစ်လေတော့ partition တစ်ပိုင်းက  dialog box က start button ကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း လုပ်ပေမဲ့ နောက်တစ်ပိုင်းက နောက်တစ်ကြိမ် restart လုပ်မှ လုပ်မယ် ပြောပါတယ်။ ဘာဘဲဖြစ်ဖြစ် ၃ ခုလုံးအတွက် error check လုပ်ပြီးရင် restart ချပါတယ်။ ဘာလို့လဲဆိုတော့ partition ၁ ခု (သို့) ၂ ခုက window ပြန်စမှ error check ကို လုပ်ပေးမယ် ပြောထားတာကိုး။ error check လုပ်ပြီးရင် defragment လုပ်ပါတယ်။ partition တစ်ခုပြီးမှ တစ်ခုလုပ်ပါတယ်။
ဒါဆိုရင် လုံလောက်ပါပြီ။ 
အချိန်မတိုင်မီ အကြွေစောတဲ့ hard disk တွေ မဖြစ်ရလေအောင် အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်လေးတွေကို လုပ်ဆောင်ကြရအောင်။
                                       


No comments:

Post a Comment

Windows 10 ရဲ့ အားသာချက်များ

Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပ...

Popular Posts

Aung Hein - နည်းပညာ