img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } -->

Blogger templates

DipCs18@IT Sharing မှ ကြိုဆိုပါသည်...

Thursday, May 14, 2020

ခန့်မှန်းရ ခက်ခဲစေသည့် Password များကို ဖန်တီးအသုံးပြုခြင်း

အင်တာနက် သုံးစွဲသူများ အတွက် ပြီးပြည့်စုံသည့် လုံခြုံမှုစနစ် မရှိသော်လည်း ဟက်ကာတစ်ဦး၏ သားကောင် အဖြစ်မှ လွတ်မြောက်စေနိုင်မည့် နည်းလမ်းများရှိသည်။ အဓိကအချက်မှာ email နှင့် online account များအပါအဝင် ကွန်ပျူတာပေါ်ရှိ ရင်းမြစ်အားလုံး၏ password များကို ခန့်မှန်းရ ခက်ခဲစေအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။ ခန့်မှန်းရခက်ခဲစေသည့် password များကို ရွေးချယ်အသုံးပြုခြင်းဖြင့် ဟက်ကာများ၏ password ရယူရန် ကြိုးပမ်းမှုကို ပိုမိုခက်ခဲစေနိုင်သည်။ ထို့ကြောင့် အင်တာနက် သုံးစွဲသူများ password ခိုးယူခံရခြင်း အန္တရာယ်မှ လျှော့ချပေးနိုင်မည့် ခန့်မှန်းရ ခက်ခဲစေသော password များ ဖန်တီးအသုံးပြုနိုင်စေမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။
(၁) အဘိဓာန်မှ စကားလုံးများကို လုံးဝ အသုံးမပြုပါနှင့်။
ကျွမ်းကျင်မှု အနည်းငယ်သာ ရှိသော ဟက်ကာတစ်ဦးပင်လျှင် အဘိဓာန်တွင်ရှိသော စကားလုံးများဖြင့် ဖန်တီးထားသည့် password များကို အလွယ်တကူ ဖော်ထုတ်နိုင်သည်။ အဘိဓာန်မှ စကားလုံးများကို password အဖြစ် အသုံးပြုသူများ အနေဖြင့် ၎င်းတို့၏ password များကို လုံခြုံမှုရှိသည်ဟု ထင်ကြသော်လည်း တကယ်တမ်းတွင် အဆိုပါ password များကို အချိန်အနည်းငယ် အတွင်း ဖော်ထုတ်နိုင်သည်။


(၂) Password များတွင် ခွင့်ပြုထားသည့် character type များအားလုံးကို အသုံးပြုပါ။
Password များတွင် စာလုံးအသေးတစ်ခု၊ စာလုံးအကြီးတစ်ခု၊ ကိန်းဂဏန်းတစ်ခုနှင့် အထူးအက္ခရာတစ်ခုတို့ကို ထည့်သွင်း အသုံးပြုခြင်းသည် ဟက်ကာများ၏ password ဖော်ထုတ်သည့် အချိန်ကို ပိုမိုကြာမြင့်စေသည်။ အကယ်၍ password တစ်ခုတွင် စာလုံးအသေး၊ စာလုံးအကြီး၊ ကိန်းဂဏန်း (၀ မှ ၉) နှင့် အထူးအက္ခရာများ အသုံးပြုထားသည့်အခါ ပထမစာလုံးကို ဖော်ထုတ်ရန် အချိန် တစ်နာရီ ကြာမြင့်ပြီး ဒုတိယစာလုံးကို ဖော်ထုတ်သည့်အခါ နာရီ ၅,၀၀၀ သို့မဟုတ် ၂၀၈ ရက်ခန့် ကြာမြင့်စေမည် ဖြစ်သည်။
(၃) ကိန်းဂဏန်းများကိုသာ အသုံးမပြုပါနှင့်။
စာလုံးနှင့် အထူးအက္ခရာများ မပါဝင်ဘဲ ကိန်းဂဏန်းများသာ ပါဝင်သည့် password ကို လုံးဝ အသုံးမပြုသင့်ပေ။ ထိုသို့ အသုံးပြုသည့်အခါ ဟက်ကာများအနေဖြင့် password ကို အလွယ်တကူ ဖော်ထုတ်စေနိုင်သည်။ ထို့အပြင် စာလုံးအသေး ၈ လုံးကို အသုံးပြုထားသော password ကို ဖော်ထုတ်ခြင်းသည် ကိန်းဂဏန်း ၁၀ လုံးကို အသုံးပြုထားသော password ကို ဖော်ထုတ်ခြင်းသည် အဆ ၂၀ ပိုမိုလွယ်ကူသည်။

(၄) Password ကို မကြာခဏ ပြောင်းလဲပါ။
Password များကို မကြာခဏပြောင်းလဲခြင်းသည် အရေးကြီးသည့် အချက်ဖြစ်သည်။ မကြာခဏ ပြောင်းလဲရန် လိုအပ်သည်ဟု ဆိုခြင်းသည် password ဖြင့် ကာကွယ်ထားသည့် အချက်အလက်များ၏ တန်ဖိုးအပေးတွင် မူတည်သည်။ Email သို့မဟုတ် online bank account တစ်ခုအတွက် အသုံးပြုထားသည့် password ကို သုံးလတစ်ကြိမ် ပြောင်းလဲသင့်သည်။ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သော website များအတွက် password များကို ခြောက်လ တစ်ကြိမ် ပြောင်းလဲရန် လိုအပ်သည်။
ဟက်ကာများက ကမ္ဘာတစ်ဝန်းရှိ account များမှ password များကို ရယူစုဆောင်းပြီးသည့်နောက် ချက်ချင်း အသုံးပြုခြင်း မရှိကြပေ။ ထို့အပြင် ရယူစုဆောင်းထားသည့် password များကို ပြန်လည်ရောင်းချမှု ပြုလုပ်ကြသည်။ ထို့ကြောင့် password များကို ကြိမ်ဖန်များစွာ ပြောင်းလဲသည့် အလေ့အထ ပြုလုပ်ပါက account ထိန်းချုပ်ခံရသည့် အန္တရာယ်ကို လျှော့ချပေးနိုင်စေမည် ဖြစ်သည်။
(၅) မတူညီသော account များတွင် မတူညီသည့် password များကို အသုံးပြုပါ။
အင်တာနက် သုံးစွဲသူ အနေဖြင့် မတူကွဲပြားသော account များ၊ ဝက်ဘ်ဆိုက်များနှင့် ဒိုမိန်းများတွင် password တစ်ခုတည်းကိုသာ အသုံးပြုပါက လုံခြုံရေး အားနည်းချက်ရှိသော ဝက်ဘ်ဆိုက်တစ်ခု ပေါက်ကြားသည့်အခါ အခြားသော account password များကို ဟက်ကာများက ရယူသွားနိုင်သည်။ ထို့အပြင် bank account, credit card account, email account စသည်တို့တွင် အလားတူ password ကို အသုံးပြုထားပါက အဆိုပါ account များကို ဟက်ကာများက အလွယ်တကူ ထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မတူညီသော account များအတွက် မတူညီသည့် password များဖြင့်သာ အသုံးပြုသင့်သည်။
(၆) Passphrase တစ်ခုကို ဖန်တီးအသုံးပြုပါ။
I love mountain biking and hiking ဆိုသော မှတ်မိရလွယ်သည့် စကားစုကို စာလုံးအကြီး၊ စာလုံးအသေး၊ ကိန်းဂဏန်း၊ အထူးအက္ခရာများ ပါဝင်သော password အဖြစ် ပြောင်းလဲအသုံးပြုခြင်းသည် ဟက်ကာများက password ကို ခန့်မှန်း ဖော်ထုတ်ရာတွင် ပိုမို အခက်တွေ့စေမည် ဖြစ်သည်။ love ကို ဟုလည်းကောင်း၊ mountain ကို mtn ဟု လည်းကောင်း၊ biking ကို b1K1ng ဟုလည်းကောင်း၊ and ကို & ဟုလည်းကောင်း၊ hiking ကို H1king ဟုလည်းကောင်း ပြောင်းလဲကာ passphrase အဖြစ် အသုံးပြုခြင်းသည် ဟက်ကာများက password ကို ဖော်ထုတ်ရာတွင် မြောက်များစွာသော အချိန်နှင့် တွက်ချက်မှု အရင်းအမြစ်များကို လိုအပ်စေမည် ဖြစ်သည်။

No comments:

Post a Comment

Windows 10 ရဲ့ အားသာချက်များ

Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပ...

Popular Posts

Aung Hein - နည်းပညာ