img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } -->

Blogger templates

DipCs18@IT Sharing မှ ကြိုဆိုပါသည်...

Thursday, May 14, 2020

USB Drive တွင် Data များကို သိမ်းဆည်း၍မရလျှင် ပြုလုပ်နိုင်မည့် နည်းလမ်း

USB Drive များမှာ Storage လွတ်နေပေမယ့် ဖိုင်များထပ်မံပြီး ထည့်သွင်းလို့မရတဲ့ ပြဿနာမျိုး ကြုံဖူးကြမှာပါ။ အဆိုပါ အချိန်မျိုးမှာ USB Drive ကို Format ချဖို့ ကြိုးစားကြည့်တဲ့အခါမှာလည်း The disk is write protected ဆိုတဲ့ Message မျိုးကို တွေ့မြင်ရပါလိမ့်မယ်။

ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် Start Menu ကို နှိပ်ပါ။ ပြီးရင် un as Administrator နဲ့ Run ရပါမယ်။ Command Prompt ထဲကိုရောက်ပြီဆိုရင် Diskpart ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။

Diskpart ထဲကိုရောက်ပြီဆိုရင် list disk ဆိုပြီး ကိုယ် Write Protect error တက်နေတဲ့ disk ကိုရှာဖွေရပါမယ်။ တွေ့ပြီဆိုရင် select disk # ဆိုတဲ့ command ကို အသုံးပြုလိုက်ပါ။ # ဆိုတဲ့နေရာမှာ အဆိုပါ disk ရဲ့ နံပါတ်ကို ထည့်သွင်းပေးရပါမယ်။

Write Protect error တက်နေတဲ့ disk ကို select ပြုလုပ်ပြီးပြီဆိုရင် attributes disk clear readonly ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။ ပြီးသွားရင် exit ဆိုတဲ့ command ကိုရိုက်ပြီး Diskpart ကနေ ထွက်လိုက်ပါ။

အဆိုပါ အဆင့်တွေပြီးသွားရင် Write Protect ဖြစ်နေတဲ့ usb device ကို Format ပြုလုပ် နိုင်ပြီဖြစ်ပါတယ်။

No comments:

Post a Comment

Windows 10 ရဲ့ အားသာချက်များ

Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပ...

Popular Posts

Aung Hein - နည်းပညာ